Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Saturday, February 25, 2012

ဆံပင်အကြောင်းသိကောင်းစရာ..

၁။ ဆံပင်အဖျားတွေ တိပေးရင် ဆံပင်ရှည်နှုန်းမြန်စေသလား။

မဟုတ်ပါဘူး။ ဆံပင် အဖျား တိတိ၊ မတိတိ ဆံပင်အရှည် တစ်လကို လက်မဝက် လောက် ပိုတိုး လာလေ့ရှိပါတယ်။ နွေရာသီမှာ ဆံပင်ရှည်နှုန်း ပိုမြန်တတ်ပါတယ်။ ဆံပင်တိပေးလို့ ရှည်လာတာ မဟုတ်ပါဘူး။ ဟော် မုန်း တွေကြောင့်ပါ။ ဆံပင် တိပေးခြင်းအားဖြင့် ဆံပင် နှစ်ခွဖြစ်တာ ကိုသာ ဖယ်ရှားပေးပြီး ဆံပင် ကျန်းမာ လှပစေနိုင်ပါတယ်။



၂။ စိတ်ဖိစီးမှုက ဆံပင် ပိုကျွတ်စေနိုင်သလား။

ဆံပင်တွေဟာ အချိန်တိုင်း လိုလို ကျွတ်နေတတ်ပြီး ပုံမှန်အနေနဲ့ တစ်နေ့ကို ဆံပင်ပေါင်း ၅၀မှ ၁၂၀ ချောင်းကြား ကျွတ်လေ့ရှိပါတယ်။ သင့်ဘဝအတွက် ကြီးကျယ်တဲ့ ပြောင်းလဲမှုတွေ (ဥပမာ-အိမ်ထောင်ပျို ကွဲခြင်း၊ အလုပ်ပြုတ်ခြင်း၊ ခွဲစိတ်ကုသမှု ခံယူခြင်း) တို့ကြောင့်အလွန်အ မင်း စိတ်ဖိစီးမှု ခံနေရပါက ဆံပင် ပိုကျွတ်လာနိုင်ပါတယ်။ ဆံပင်ကျွတ်ရ ခြင်းရဲ့တခြားအကြောင်းတွေကတော့ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ပဋိဇီဝပိုး သတ်ဆေးတို့ကြောင့်ပဲ ဖြစ်ပါတယ်။



၃။ ခေါင်းလျှောက်ရည်တွေ ပြောင်းသုံးပေးရင် ဆံပင်ပိုကျန်းမာ သန်စွမ်းလာနိုင်သလား။

ဆံပင်ရှည်တွေကတော့ ခေါင်းလျှောက်ရည်တွေကို ဒီနေ့ တစ်မျိုး၊ နောက်နေ့တစ်မျိုး ခဏခဏ ပြောင်းသုံးတာကို အားမပေးပါဘူး။ သင် သုံးနေတဲ့ ခေါင်းလျှော်ရည်နဲ့ အဆင်မပြေတာတွေ (ဥပမာ-ဆံပင်ကျွတ် ခြင်း၊ ဗောက်ထခြင်း)ဖြစ်မှ တံဆိပ် ပြောင်းသုံးသင့်ပါတယ်။ ဗောက်ထ တတ်တဲ့ သူဆိုရင်လည်း ဗောက် ပျောက်တဲ့ ခေါင်းလျှော်ရည်ကို တစ်ပတ် တစ်ခါ၊ နှစ်ပတ် တစ်ခါလောက်တော့ ပြောင်းသုံးသင့်ပါတယ်။ ပုံမှန်အနေ နဲ့တော့ ကိုယ်နဲ့ အဆင်ပြေတဲ့ ခေါင်းလျှော်ရည် တစ်မျိုးတည်းကိုသာ စွဲစွဲ မြဲမြဲ သုံးသင့်ပါတယ်။



၎။ ဆံပင်ဖြူတစ်ချောင်း နှုတ်ရင် နောက်ထပ်ဆံပင်ဖြူ နှစ်ချောင်း သုံးချောင်း အစားထိုး ပေါက်လာတတ်သလား။

မဟုတ်ဘူးဆိုပေမယ့် ဆံပင်အဖြူကိုဆွဲနုတ်တာ မကောင်းတဲ့အ ကျင့်ပါ။ ဆံပင်အမြစ်တွေကိုဖျက်ဆီးလိုက်သလိုဖြစ်ပြီး ရောဂါပိုးတွေ ဝင်လာနိုင်ကာ အမာရွတ်ကျန်စေနိုင်ပါတယ်။



၅။ ဆံလုံး သေးပြီးပါးတဲ့ ဆံပင်ကို ဆံပင် အုံထူအောင် လုပ်လို့ ရ သလား။

အမြင် အားဖြင့်တော့ အုံထူတဲ့ ပုံစံဖြစ်အောင်တော့ အုံထူတဲ့ ပုံစံ ဖြစ်အောင် လုပ်နိုင်ပါတယ်။ ဆံပင်အလိပ်နဲ့ အပူပေးကာ ဖွလိုက်ရင် ငါးမိနစ်အတွင်း ဆံပင်အုံထူထူလေး ဖြစ်လာနိုင်ပါတယ်။



၆။ သန့််ရှင်းစင်ကြယ်တဲ့ ဆံပင်ရဖို့ ခေါင်းလျှော်ရာမှာ နှစ်ခါပြန် လျှော်သင့်သလား။

မလိုပါဘူး။ ဆံပင်အနှံ့ ခေါင်းလျှော်ရည် ထည့်ကာ အသေအချာ ခေါင်းလျှော်လိုက်ရင် တစ်ခါတည်းနဲ့ သန့်ရှင်းသွားပါလိမ့်မယ်။



၇။ ခေါင်းလျှော်ပြီး အရမ်းအေးတဲ့ ရေနဲ့ ဆေးချလိုက်ရင် ဆံပင် သားတောက်ပြောင်သွားနိုင်ပါသလား။

သင့်အနေနဲ့ အိပ်ချင်တော့ ပြေသွားပေမယ့် ရေခဲရေနဲ့ ဆံပင်သား တောက်ပြောင်တာ အဆက်အစပ် မရှိဘူးလို့သာ ဆိုပါရစေ။



၈။ ဆံပင် နှစ်ခွကွဲတာ ပျောက်ဆေး ရှိလား။

ဆံပင်နှစ်ခွကွဲတာ မမြင်ချင်ရင် ညှပ်ပစ်ဖို့ပဲ ရှိပါတယ်။ ဆံပင် နှစ်ခွ ကွဲပြီးသားကို ပျောက်အောင် လုပ်ဖို့ မဖြစ်နိုင်ပေမယ့် နှစ်ခွ မကွဲအောင် ကာကွယ်လို့ ရပါတယ်။ ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာအတွက် ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်ကိုသာ ရွေးသုံးသင့်ပါတယ်။



၉။ ဆံပင် အရောင် ဆိုးခြင်းဟာ ဆံပင်ကို ပျက်စီး စေတဲ့ အဓိက အကြောင်းအရင်းလား။

အခုနောက်ပိုင်း ထွက်ရှိလာတဲ့ ဆံပင် ဆိုးဆေးတွေဟာ သိပ်မပြင်း တော့တဲ့အတွက် ဆံပင်အသားကို ထင်သလောက် မပျက်စီးစေနိုင်ပါဘူး။ ဆိုးဆေး အကောင်းစားကို ရွေးသုံးဖို့တော့ လိုပါတယ်။ ဆံပင်ဆေးဆိုး တာထက်စာရင် ဖြောင့်တာတို့၊ ကောက်တာတို့ လုပ်တာက ဆံပင်ကို ပို ပျက်စီးစေပါတယ်။



၁၀။ နေ့စဉ်အကြိမ် တစ်ရာလောက် ခေါင်းဖြီးလျှင် ဆံပင် သန်စေ နိုင်သလား။

မဟုတ်ပါဘူး။ ဆံပင် သပ်ရပ်နေအောင် ခေါင်းဖြီးသင့်ပါတယ်။ ဆံပင်သန်တာနဲ့ ဘာမှ မဆိုင်ပါဘူး။ ခေါင်း အရမ်း ဖြီးလွန်းမှ ဆံပင်တွေကို အမြစ်ကနေ ဆွဲလိုက်သလို ဖြစ်ပြီး ဆံပင်အားတောင် နည်းသွားစေနိုင် ပါတယ်။



ဆံပင်ကျန်မာရေးနဲ့အလှအပကို မိန်းကလေးအများစုဂရုစိုက်ကြပါတယ်... ဆံပင်အလှအပကိုစိတ်ဝင်စားသူများအတွက်ပါ။ လှပသောဆံကေသာများပိုင်ဆိုင်ကြပါစေ...။

လူထုကျန်းမာရေး(သွားကျဉ်ခြင်းအတွက် ကုသမှု )




**Public Health**

သင့်သွားတွေကို ဖြတ်ပြီး လေကို စုပ်လိုက်ရုံ ဒါမှမဟုတ်ပူတဲ့၊ အေးတဲ့ အစာတွေကို ကိုက်လိုက်ရုံနဲ့ ရုတ်တရက် စူးစူးရှရှ နာကျင် သွားပါသလား။ သွားကျဉ်တဲ့အခါ ခံစားရတဲ့ နာကျင်မှုက မကြာရှည်ပါဘူး။ ချက်ချင်းဖြစ် ပြီး စက္ကန့်အနည်းငယ်အတွင်းမှာပဲ ပြန်ပျောက် သွားပါတယ်။
ဒါပေမဲ့ ခံစားရတဲ့ စက္ကန့်အနည်းငယ်အတွင်း မှာတော့ အလွန်ပြင်းပြင်းထန်ထန်ကို ခံစား ရပါတယ်။ သွားကျဉ်တာကို ခံစားနေရရင် ဘဝဟာ စိတ်မချမ်းမြေ့စရာဖြစ်နေတတ် ပါတယ်။

**ဘာကြောင့်သွားကျဉ်တာလဲ**
သင့်သွားတွေမှာ ဘာမှထူးထူးခြားခြား ထိခိုက်မှုဖြစ်တာ မမြင်ရဘဲနဲ့ ရုတ်တရက် ကျဉ် သွားတတ်တာ ဒါမှမဟုတ် စူးစူးရှရှ နာကျင်တာဟာ ဘာကြောင့်ဖြစ်ရတာပါလဲ။ သွား တွေမှာ နူးညံ့တဲ့ ဆင်စွယ်နှစ်လွှာနဲ့ အာရုံကြောတွေကို အပေါ်ယံက မာကျောတဲ့ ကြွေသွားလွှာနဲ့ အုပ်ထားပါတယ်။
ဒီကြွေသွားလွှာဟာ ကြမ်းကြမ်းတမ်းတမ်း သွားတိုက်ခြင်း ဒါမှမဟုတ် အလွန်ပူတဲ့ ဒါမှ မဟုတ် အလွန်အေးတဲ့ အစာကို ကိုက်ဝါးခြင်းစတဲ့ အကြောင်းတွေကြောင့် ပွန်းပဲ့ ထိခိုက် နိုင်ပါတယ်။ တစ်ခါတစ်ရံ သွားကို မိုက်ခရိုစကုပ်နဲ့ ကြည့်မှသာ မြင်နိုင်တဲ့ အက်ရာလေး ကနေတော် အပူနဲ့အအေးတွေဟာ အာရုံကြောဆီကို ဖြတ်သန်းရောက်ရှိသွားပြီး စူးစူးရှရှ နာကျင်မှုကို ခံစားရစေပါတယ်။

**ကုသမှု**
သွားကျဉ်တာက ပြင်းထန်ရင်တော့ အကြောထုတ်ကုသမှုကို လိုအပ်နိုင်ပါတယ်။ ဒါပေမဲ့ မပြင်းထန်တဲ့ ပြဿနာအတွက်တော့ အောက်ပါအကြံပြုချက်တွေက ကူညီနိုင်ပါလိမ့်မယ်။ အစာကို တစ်ကိုက်လေး ကိုက်ဝါးဖို့တောင် ကြောက်လန့်နေရင် အောက်ပါအိမ်တွင်းကုသမှု နည်းလမ်းတွေကို လုပ်ဆောင်ကြည့်လိုက်ပါ။
• သွားကျဉ်တာအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သွားတိုက်ဆေး (Desensitizing toothpaste) တွေကိုသာ အမြဲသုံးပါ။ ဒီသွားတိုက်ဆေးတွေက သွားမှာဖြစ်နေတဲ့ ဆက်ကြောင်းလေးတွေကို ဖြည့်ပေးပြီး အာရုံခံစားမှုကို ထိထိရောက်ရောက် လျော့နည်း စေပါတယ်။

• ညအိပ်ရာမဝင်ခင် သွားတိုက်ဆေး အနည်းငယ်ကို လက်ချောင်းထိပ်မှာ တင်ပြီး သွား ကျဉ် နေတဲ့ နေရာမှာ ဖြန့်ပြီး သုတ်လိမ်းပေးပါ။ ပြီးရင် သွားတိုက်ဆေးကို ရေနဲ့ ပလုတ် ကျင်းမပစ်ဘဲ ဒီအတိုင်းသာထွေးထုတ်ပါ။ သွားကျင်တာ သက်သာသွားတဲ့အထိ ရက်သတ္တပတ်အနည်းငယ်ကြာအောင် လုပ်ပါ။


• သွားချေးလွှာတွေရှိရင် သွားကျဉ်တာကို ပိုဆိုးစေပါတယ်။ သွားချေးလွှာက သွားကို ထိခိုက်စေမယ့် အက်စစ်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ အနည်း ဆုံး နှစ်ကြိမ် သွားတိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ သွားချေးလွှာတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။ မနက်တစ်ကြိမ်၊ ညအိပ်ရာမဝင်ခင် တစ်ကြိမ် သွားတိုက်ပါ။ အနည်းဆုံး တစ်နေ့တစ်ကြိမ် သွားကြားပွတ်ကြိုး သုံးပြီးတော့လည်း သွားတွေကို သန့်စင်ပေးပါ။
• သွားကျဉ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ အလွန်ကြမ်းကြမ်းတမ်းတမ်း သွားတိုက်တာကြောင့်ပါ။ ဒါမှမဟုတ်ရင်လည်း ကြမ်းတမ်းတဲ့ သွားတိုက်တံ အမျှင်တွေနဲ့ သွားတိုက်တာကြောင့် သွားရဲ့ ကြွေလွှာကို ထိခိုက်ပျက်စီးစေတာဖြစ်ပါတယ်။ ဒါကြောင့် နူးညံ့တဲ့ သွားတိုက်တံ (Soft) ကိုသာ အမြဲသုံးပြီး ညင်ညင်သာသာ သွားတိုက်ပေးပါ။
• ကွမ်းစားခြင်းက သွားဖုံးတွေကို ယုတ်လျော့ပျက်စီးစေပြီး သွားကျဉ်တာကို ဖြစ်စေနိုင်တဲ့ အတွက် ကွမ်းမစားပါနဲ့။
• အလွန်ပူတဲ့ ဒါမှမဟုတ် အလွန်အေးတဲ့ အစာတွေကို မစားပါနဲ့။ ပူတဲ့အစာနဲ့ အေးတဲ့ အစာ တွေဟာ သွားတွေကို ပြန့်ကားလာတာနဲ့ ကျုံ့တာတွေ ဖြစ်စေပြီး အက်ရာသေး သေးလေးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီကနေတစ်ဆင့် သွားကျဉ်လာနိုင်ပါတယ်။
• ကြမ်းတမ်းတဲ့ ပါဝင်ပစ္စည်းတွေပါတဲ့ သွားတိုက်ဆေးတွေကို မသုံးပါနဲ့။ သွားဖြူစေတဲ့ သွားတိုက်ဆေးတွေနဲ့ သွားချေးကျောက်တွေကို ထိန်းချုပ်ပေးတဲ့ သွားတိုက်ဆေးတွေမှာ ဒီလိုပစ္စည်းတွေ ပါဝင်တတ်ပါတယ်။
• အက်စစ်ပါတဲ့ အစာတွေကို ရှောင်ပါ။ အချိုရည်တွေကို မကြာခဏသောက်ခြင်းက သွားကျဉ်စေနိုင်ပါတယ်။
• သွားတိုက်တဲ့အခါ သွားကို ဒေါင်လိုက်ရွှေ့လျားမှုနဲ့ တိုက်တာ ပိုကောင်းတယ်။ စက်ဝိုင်းပုံလှည့်ပတ်ပြီး တိုက်တာကလည်း ကောင်းပါတယ်။ ဒါပေမဲ့ ဘေးတိုက်ဆွဲပြီး မတိုက်ပါနဲ့။ ကြွေသွားလွှာကို ထိခိုက်စေပြီး သွားဖုံးတွေကိုလည်း ယုတ်လျော့စေ နိုင်တာကြောင့်ပါ။



Ref : Good Health

ဆားဝက်ခြံတွေကြောင့်..စိတ်ညစ်နေလား...







မိုးသောက်ကြယ်..တင်ထားခဲ့တာ.ပါ


မှန်ကြည့်တိုင်း ဆားဝက်ခြံတွေကြောင့် စိတ်ညစ်မနေနဲ့တော့နော်။ ဆားဝက်ခြံကို လက်ပြနှုတ်ဆက်နိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။ ပထမဆုံးအနေနဲ့ ဆားဝက်ခြံဆိုတာ ဘာလဲဆိုတာကို လေ့လာကြရအောင်။

ဆားဝက်ခြံ တွေဟာလည်း ၀က်ခြံတွေလိုပါပဲ…… အဆီပိုတွေကြောင့် ဖြစ်လာရတာပါ။
အဆီပိုတွေဟာ ချွေးပေါက်ထဲမှာ ပိတ်မိနေပြီး ဆဲလ်အသေတွေနဲ့ ပေါင်းစပ်သွားပါတယ်။
အဲဒီကမှတဆင့် မယ်လနင်တွေ ဓာတ်တိုးပြီး မဲမဲအဆံလေးတွေ အဖြစ် တွေ့မြင်ကြရတာပါ။
အဆီပြန်တဲ့အသားအရေရှိသူတွေနဲ့ ပေါင်းစပ်အသားအရေ ရှိသူတွေမှာ တွေ့ရပါတယ်။
ကဲ.. ဆားဝက်ခြံ ဘာကြောင့် ဖြစ်သလဲဆိုတာကို သိပြီဆိုတော့ ဆားဝက်ခြံတွေကို ကာကွယ်ဖို့၊ ဖယ်ရှားဖို့ နည်းလမ်းရှိသွားပါပြီ။
လွယ်လွယ်လေးပါ.. သင့်ချွေးပေါက်ထဲက အဆီပိုတွေနဲ့ ဆဲလ်အသေတွေကို မှန်မှန်ဖယ်ရှားပေးရင်ရပါပြီ။


ဆားဝက်ခြံလေးတွေကို အလွယ်တကူ တိုက်ထုတ်ကြမယ်….

- ရေနွေးနွေးလေးနဲ့တစ်ရက်ကို အနည်းဆုံး (၂)ကြိမ် မျက်နှာသစ်ပါ။ ဆားဝက်ခြံတွေကို အစပျိုးပေးတဲ့ အဆီပိုတွေ မရှိအောင်ပေါ့။ ကိုယ့် အသားအရေနဲ့ သင့်တော်မယ့် Facial Foam ကို သုံးပေးပါ။

- ချွေးပေါက်ကျဉ်းပြီး အသားအရေ တင်းရင်းလှပနေစေဖို့ Toner ကောင်းကောင်း သုံးဖို့လည်း မမေ့နဲ့နော်။

- Oil Free Moisture ကိုပဲ သုံးပါ။

- ဆားဝက်ခြံတွေကို မမြင်ရအောင်မိတ်ကပ် အထူကြီးလိမ်းမလို့လား။ မလုပ်လိုက်နဲ့နော်..။ မိတ်ကပ် ထူထူလိမ်းရင် ချွေးပေါက်တွေပိတ်ပြီးတော့ ပိုဆိုးလာမှာ သေချာတယ်။ Oil Free Make-UP ကိုရွေးချယ်ပါ။ အဆီပြန်ပြီး ၀က်ခြံ၊ ဆားဝက်ခြံ ရှိသူတွေက မိတ်ကပ်ကိုလိမ်းတာ နည်းလေ ကောင်းလေပါဘဲ။ The Fewer you put on your face,the better!

- မိတ်ကပ်တွေ အကုန်ဖျက်ပြီးမှ အိပ်ရာဝင်ဖို့လည်း မမေ့နဲ့နော်။

- ရေကို အနည်းဆုံးတစ်နေ့ကို ရှစ်ဖန်ခွက်သောက်ပါ။ ကျန်းမာတဲ့ အသားအရေဖြစ်လာဖို့ ရေဓာတ်ကလည်း အရမ်းအရေးကြီးတယ်လေ။

- သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ များများစားဖို့လဲ လိုတယ်နော်။

- Mild Facial Scrub နဲ့ တစ်ပတ်ကိုနှစ်ကြိမ် မျက်နှာသစ်ပါ။ အဆီပိုတွေ၊ ဆဲလ်သေတွေနဲ့ ဆားဝက်ခြံတွေကို ဖယ်ရှားပေးပြီး အသားအရေကို ညီညာချောမွေ့စေပါတယ်။ Scrub နဲ့ မျက်နှာကို သန့်စင်တဲ့အခါမှာ စက်ဝိုင်းပုံ ညင်ညင်သာသာ လေးတော့ နှိပ်ပေးဖို့တော့ လိုပါတယ်။ သတိထားရမှာက အပြင်းစား Scrub တွေကို မသုံးမိဖို့နဲ့၊ မျက်နှာကို ညင်ညင်သာသာ ကိုင်တွယ်ဖို့ပါ။

- အိမ်မှာလုပ်နိုင်တဲ့ Scrub နည်းလေးတွေလဲ ရှိပါတယ်။

ဆန်အနည်းငယ်ကို နွားနို့ထဲမှာ (၄) နာရီခန့် စိမ်ထားပါ။

ထို့နောက် ကြိတ်ပြီးရလာတဲ့ အနှစ်ကို Scrub အဖြစ်သုံးနိုင်ပါတယ်။

- တစ်ပတ်ကို တစ်ခါ မျက်နှာပေါင်းတင်ပါ။ အဆီပြန်သူတွေ အတွက်တော့ ရွှံ့စေး မျက်နှာပေါင်းတင်ဆေး ဟာ အကောင်းဆုံးပါပဲ။ အလွန်အကျွံမသုံးမိဖို့ တော့လိုတယ်နော်။

- ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်တဲ့ ကပ်ခွာလေးတွေ ကိုလည်း အသုံးပြုနိုင်ပါတယ်။

- ဆားဝက်ခြံတွေကို ညှစ်တတ်တဲ့ သူတွေကတော့ မညှစ်ခင်မှာ မျက်နှာကို ရေနွေးငွေ့ခံပေးပါ။ သန့်ရှင်းတဲ့လက်နဲ့ တစ်ရှုး (သို့) ၀ါဂွမ်းကိုသုံးပြီး ညင်သာစွာညှစ်ပါ။ အားမသုံးရဘူးနော်။ အားသုံးရင် ဆားဝက်ခြံလေးတွေက ထွက်မလာဘဲ အထဲကိုပိုဝင်သွားပြီး ပိုဆိုးနိုင်ပါတယ်။ လက်တွေ၊ တစ်ရှုးတွေ၊ ၀ါဂွမ်းတွေက မသန့်ရင်လည်း ပိုးဝင်နိုင်လို့ သန့်ရှင်းမှုကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။

- ပြီးတော့ ညှစ်ထုတ်လို့ မရရင်လည်း အတင်းမရမကညှစ်ဖို့တော့ မကြိုးစားနဲ့နော်။ နာနာတွေဖြစ်ပြီး လှလှတွေ ပျက်သွားနိုင်တယ်လေ။

- တကယ်လို့ ဆားဝက်ခြံတွေဟာ အရေပြားရဲ့ အတွင်းကျတဲ့နေရာမှာ ရှိမယ်၊ အရမ်းဆိုးမယ်ဆိုရင် အရေပြားဆရာဝန်ကိုပဲ အားကိုးရပါလိမ့်မယ်။


ဆားဝက်ခြံအတွက် သဘာဝ နည်းလမ်းကောင်းများ

- ခရမ်းချဉ်သီးကို ပျစ်သွားတဲ့အထိ ကြိတ်ချေပြီး ဆားဝက်ခြံ ရှိတဲ့နေရာပေါ်မှာ ၁၅ -၂၀ မိနစ်ခန့်ထားပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးပေးရပါမယ်။ ပြီးရင် ဒီတိုင်းပဲထားနော်။ Moisturizer ကို ချက်ချင်းမလိမ်းရဘူး။

- ပျားရည်ကို နွေးနွေးလေးဖြစ်အောင် အပူပေးပြီး ဆားဝက်ခြံရှိတဲ့နေရာမှာ ၁၅ -၂၀ မိနစ်ခန့်ထားပြီး ရေနွေးလေးနဲ့ ဆေးချပါ။ ဒီနည်းလေးဟာ လူသုံးများပြီးအလွန်ထိရောက်မှုရှိပါတယ်။

- မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ရေနှင့် ဆတူရောစပ်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်တင်ပြီး မိနစ်အနည်းငယ် ညင်သာစွာ ပွတ်ပေးပါ။ ထို့နောက် ရေနွေးလေးနဲ့ ဆေးချပါ။

- ထူးဆန်းတဲ့နည်းလေးလည်း ရှိသေးတယ်နော်။ အမြှပ်ထအောင် ခေါက်ထားတဲ့ ကြက်ဥအကာကို ဆားဝက်ခြံရှိတဲ့နေရာတွေပေါ်မှာ လိမ်းလိုက်ပြီး အပေါ်က တစ်ရှုးလေးကပ်လိုက်ပါ။ နာရီဝက် ဒါမှမဟုတ် ခြောက်သွားတဲ့အခါ ဖြေးဖြေးလေးဆွဲခွာပြီး ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ရင် Ok ပြီ။

ရင်နှင်းပြောပြတဲ့နည်းလေးတွေကို ပုံမှန်လေးသာလုပ်သွားရင် နောက်ဆိုရင် ဆားဝက်ခြံက ဘယ်လိုလဲဆိုတာမေ့သွားလို့ ရင်နှင်းရေ.. ဆားဝက်ခြံပုံလေး တင်ပေးပါ ဖြစ်သွားမယ်နော်.. :D


Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်

ဆေးစွမ်းထက်မြက်..သင်္ဘောရွက်


ရိုးရာတိုင်းရင်းဆေးပညာ များစွာတို့တွင် သင်္ဘောရွက်နှင့် သင်္ဘောရွက်ခြောက်ကို ရေနွေးကြမ်း လုပ်သောက်ခြင်းက ကင်ဆာ ရောဂါ အမျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်းရှိသည် ဟု ယုံကြည်ကြ၏။ ယခုအခါ ဖလော်ရီဒါ တက္ကသိုလ်မှ သုတေသနပညာရှင်နမ်ဒန်းနှင့် ဂျပန်မှ သူ၏ လုပ်ဖော်ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ်များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။

သူတို့အဖွဲ့သည် သင်္ဘောရွက်ခြောက်များကို အသုံးပြု၍ သုတေသနပြုလုပ်ခဲ့ရာတွင် သင်္ဘောရွက်ခြောက်ကို လက်ဖက်ရည်ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်းတွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1type cytokines များထုတ်လုပ်ခြင်းကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက်များကို အသုံးပြုလာနိုင်တော့မည်ဟု ဆို၏။

ကမ္ဘာ့နေရာအနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခုအဖြစ် အသုံးပြုနေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံးများသည်ဟု ဆို၏။ ဒေါက်တာနမ်ဒန်းက ယခုသူ၏ သုတေသနမှရရှိသော ရလဒ်များသည် သြစတြေးလျနှင့် သူ၏ ဇာတိဖြစ်သော ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သော ဒေသခံတို့ထံမှ ရရှိသည့် သတင်းအချက်အလက်များနှင့် ကိုက်ညီမှုရှိသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များအပေါ် ဘေးဥပါဒ်ဖြစ်စေမှု လုံးဝမရှိသောကြောင့် လက်ရှိအသုံးပြုနေသော ကင်ဆာဆေးဝါးများစွာတို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုးများစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆို၏။

သုတေသနပညာရှင်များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာထိတွေ့စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀ မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန်နှေးကွေးသွားကြောင်း တွေ့ရှိခဲ့ရသည်။ ဒေါက်တာဒန်းနှင့်အဖွဲ့သည် သင်္ဘောရွက်မှနေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်းလုပ်ငန်းစဉ်အတွက် တိုကျိုတက္ကသိုလ်မှတစ်ဆင့် မူပိုင်ခွင့် လျှောက်ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Ref:Good Health

သွေးတွင်းအဆီ လျော့နည်းစေသော အစားအစာ ၁၂ မျိုး

၁။ အုတ်ဂျုံ


သွေးတွင်းကိုလက်စထရော လျော့နည်းစေဖို့ သင့်မနက်စာကို ပြောင်းလဲရုံနဲ့ ရနိုင်ပါတယ်။ အုတ်ဂျုံကို မနက်စာအဖြစ် စားပေးတာက ခြောက်ပတ်အတွင်း သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆီ(LDL) ၅ ဒသမ ၃ ရာခိုင်နှုန်း လျော့ နည်းစေပါတယ်။ အုတ်ဂျုံမှာပါဝင်တဲ့ ဘီတာ-ဂလူတန်က သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေကို စုပ်ယူပြီး ခန္ဓာကိုယ်ကနေ စွန့်ထုတ်ပေးပါတယ်။

၂။ ဝိုင်နီ

စပျစ်သီးက ထုတ်လုပ်တဲ့ ဝိုင်နီက သွေးတွင်း ကိုလက်စထရော ပမာဏကို သိသိသာသာ လျော့နည်းစေပါတယ်။ ဝိုင်နီမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော (LDL) ကို ၁၂ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

၃။ ဆယ်လ်မွန်ငါးနှင့် အဆီများသော ငါး

အိုမီဂါ-၃ အဆီက ကျန်းမာရေးအကျိုးပြုတဲ့ အံ့သြဖွယ် သဘာဝ အစားအစာတစ်ခုပါ။ အိုမီဂါ-၃ အဆီက နှလုံးရောဂါ၊ သက်ကြီး သတိမေ့ရောဂါနဲ့ တခြား ရောဂါတော်တော်များ ဖြစ်ပွားမှုကနေ ကာကွယ်နိုင်ပါတယ်။ အိုမီဂါ-၃ အဆီရဲ့ နောက်ထပ် အာနိသင် တစ်ခုကတော့ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆီကို လျှော့ချပေးတာပါ။ အိုမီဂါ-၃ အဆီဓာတ်ပါဝင်တဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးနဲ့ ဟာရင်းငါးတွေက သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော အဆီကို ၄ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။

၎။ အစေ့အဆန်များ

သစ်ကြားသီး ၁ ဒသမ ၅ အောင်စကို တစ်ပတ်ခြောက်ရက်နဲ့ တစ်လစားပေးတာက ကိုလက်စထရော စုစုပေါင်း ၅ ဒသမ ၄ ရာခိုင်နှုန်း လျော့နည်းစေပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော ၉ ဒသမ ၃ ရာခိုင်နှုန်း လျော့နည်းစေပါတယ်။ သစ်ကြားသီးလိုပဲ ဗာဒံစေ့ကလည်း သွေးတွင်း ကိုလက်စထရောကို လျှော့ချနိုင်ပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

၅။ ပဲအမျိုးမျိုး

နှလုံးကျန်းမာရေး ကောင်းစေတဲ့ အစားအစာတွေထဲမှာ ပဲအမျိုးမျိုး ပါဝင်ပါတယ်။ အရီဇိုးနား တက္ကသိုလ်မှ သုတေသီတွေက စွပ်ပြုတ်ထဲကို ပဲခွက်တစ်ဝက်စာ ထည့်စားပေးတာက မကောင်းတဲ့ ကိုလက်စထရော အပါအဝင် သွေးတွင်း ကိုလက်စထရောတွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ နှလုံးကျန်းမာစေတဲ့ အစားအစာတွေက အမျှင်ဓာတ် ကြွယ်ဝပြီး အစားအစာကနေ ကိုလက်စထရော စုပ်ယူမှုကို နှေးကွေးစေပါတယ်။

၆။ လက်ဖက်ရည်

လက်ဖက်ရည်က ကင်ဆာရောဂါကို တွန်းလှန် ကာကွယ်နိုင်ပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကိုပါ ကျဆင်းစေပါတယ်။ လက်ဖက်ရည်ကို သုံးပတ် သောက်သုံးပေးပါက သွေးတွင်းအဆီကို ၁ဝ ရာခိုင်နှုန်း လျော့ချပေးနိုင်တယ်လို့ သုတေသနတွေမှာ တွေ့ရပါတယ်။ လက်ဖက်ရည်က နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်တယ်ဆိုတဲ့ အချက်ကိုတော့ ဆက်လက် သုတေသနပြု ရှာဖွေနေကြပါတယ်။

၇။ ချောကလက်

အညိုအင်တီအောက်ဆီးဒင့်က သွေးတွင်းကောင်းတဲ့ ကိုလက်စထရောတွေကို တိုးပွားစေတဲ့ အာနိသင်ရှိပါတယ်။ လေ့လာမှုအရ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်တဲ့ ချောကလက်အညိုကို ၁၂ ပတ် စားသုံးပေးပါက သွေးတွင်း ကောင်းတဲ့ ကိုလက်စထရောကို ၂၄ ရာခိုင်နှုန်း လျော့ချနိုင်တာ တွေ့ရပါတယ်။

၈။ မာဂျရင်း

ထောပတ်ကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာဆိုပြီး ယူဆထားကြပါတယ်။ မာဂျရင်းက အပင်ကရတဲ့ စတီရောနဲ့ ပြုလုပ်ထားတာကြောင့် သွေးတွင်း ကိုလက်စထရော စုပ်ယူမှုကိုလျော့နည်းစေပါတယ်။ လေ့လာမှုအရ အပင်ကရတဲ့ စတီရောကို စားသုံးပေးပါက သွေးတွင်း ကိုလက်စထရောကို ၃ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ ဆိုပါတယ်။

၉။ ဟင်းနုနယ်

ဟင်းနုနယ်ရွက်မှာ ကြက်ဥထဲမှာ ပါဝင်တဲ့ လူတင်း အများအပြား ပါဝင်နေပါတယ်။ လူတင်းက ဇရာကြောင့် ဖြစ်တတ်တဲ့ မျက်ကြည်လွှာ ပျက်စီးမှုကို တားဆီးပေးနိုင်ပါတယ်။ တစ်နေ့ကို ဟင်းနုနယ်ရွက် ခွက်တစ်ဝက် စားသုံးပါက သွေးလွှတ်ကြောနံရံမှာ ကိုလက်စထရောတွေ စုပြုံတာကို ကာကွယ်ပေးနိုင်ပါတယ်။

၁၀။ ထောပတ်သီး

ထောပတ်သီးကနေ နှလုံးကျန်းမာစေတဲ့ မပြည့်ဝဆီတွေ များစွာရရှိစေပါတယ်။ မပြည့်ဝဆီတွေက သွေးတွင်းကောင်းတဲ့ ကိုလက်စထရောတွေ များစေပြီး မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က ကိုလက်စထရော စုပ်ယူမှုကိုပါ လျော့နည်းစေပါတယ်။

၁၁။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ကိုလက်စထရောကို လျော့နည်းစေတယ်၊ သွေးခဲတာကို ကာကွယ်ပေးတယ်၊ သွေးပေါင်ကျဆင်းစေတယ်၊ ပိုးမွှားတွေ ဝင်ရောက်တာကို တိုက်ထုတ်ပေးတယ်စတဲ့ အစွမ်းအာနိသင်တွေ ပြည့်ဝနေပါတယ်။ သွေးခဲတာကနေ ကာကွယ်ပေးတာကြောင့် သွေးကြောနံရံတွေ ပျက်စီးမှု မရှိအောင် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ တစ်နေ့ကို ကြက်သွန်ဖြူ နှစ်မြွှာကနေ လေးမွှာလောက် စားပေးပါ။

၁၂။ သံလွင်ဆီ

သံလွင်ဆီက နှလုံးကျန်းမာစေတဲ့ မပြည့်ဝဆီဖြစ်ပြီး သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်က အဆီတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

ဆေးဖက်ဝင် ဒိန်ချဉ်အကြောင်း






လူသားများဧ။် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်တွင် သဘာဝအားဖြင့် ကပ်ပါးပိုးအဖြစ်ရှိသော ဘက်တီးရီးယားပိုးများသည်၊ လူ့ ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ ဆဲ(လ်)အရေအတွက်ထက်ပင်ပိုမိုများပြားပါသည်။
အဆိုပါဘက်တီးရီးယားပိုးများသည် လူသားတို့ ဧ။် ကျန်းမာရေးအတွက် ပြန်လှန်အကျိုးပြုပေးနေသော လူသားများအတွက် မရှိမဖြစ်မိတ်ဆွေကောင်းဘက်တီးရီးယားပိုးများပင်ဖြစ်သည်။
၎င်းတို့ သည် ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့်လည်းကောင်း၊ မဆင်မခြင်စားသောက်တတ်သော အလေ့အကျင့်ကြောင့်လည်းကောင်း၊ပဋိဇီဝပိုးသတ်ဆေးများ သောက်သုံးသောကြောင့်လည်းကောင်း သေကျေပျက်စီးသွားတတ်ကြပါသည်။
ဒိန်ချဉ်တွင် အဆိုပါ လူ့ အကျိုးပြုဘက်တီးရီးယားပိုးများသန်းထောင်နှင့်ချီ၍ပါဝင်ရာ၊ တချို့ သောဆရာဝန်များက ပဋိဇီဝဆေးများသုံးစွဲခြင်းကြောင့် ပျက်စီးသွားသော မိတ်ဆွေကောင်း ဘက်တီးရီးယားပိုးများ ပြန်လည်ရှင်သန်ပွားများစေရန်အတွက် ဒိန်ချဉ်ကိုစားသုံးရန် ညွှန်ကြားတတ်ပေသည်။
သုတေသနပညာရှင်များဧ။် ရာနှင့်ချီ၍ပြုလုပ်လေ့လာခဲ့သော စမ်းသက်ချက်များအရ ဒိန်ချဉ်သည် ခန္ဓာကိုယ်ဧ။်ကိုယ်ခံစွမ်းအား
(Immunity) ကိုတိုးမြှင့်စေနိုင်သည်။
အူလမ်းကြောင်းဧ။် ကျန်းမာရေးကိုကောင်းစေနိုင်သည်။
Lactose Intolerance (ခေါ်) နို့ သကြားဓာတ်မတည့်ခြင်းအား ပျောက်ကင်းစေနိုင်သည်။
ဗီတာမင်မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်၊ အထူးအားဖြင့် ကယ်(လ်)စီယမ်နှင့် ပရိုတိန်းဓာတ်စသော အာပာာရဓာတ်များ အများအ
ပြား ပါဝင်သဖြင့်၊ သွားနှင့်အရိုးကိုလည်း ခိုင်မာစေသည်။
အသားအရေကိုလည်း ကြည်လင်ဝင်းပစေသည်။
ထို့ ပြင် ဒိန်ချဉ်သည် အမျိုးသားကျားပောာ်မုန်း ထွက်မှုကိုအားပေးသဖြင့်၊ အသက်(၆၀)ကျော်အမျိုးသားများတွင်ပင် သားသမီးရတ
နာထွန်းကားစေနိုင်ပါသည်။
အမျိုးသမီးများဧ။် မိန်းမကိုယ်တွင်း၌သဘာဝအလျောက် အက်ဆစ်ဓာတ်ဖြစ်နေစေရန် အက်စစ်ဒိုဖေးလပ်(စ်) (Acidophilus) (ခေါ်)
ကောင်းသည့် ဘက်တီးရီးယားများကညီမျှအောင်ထိန်းချုပ်ပေးထားပါသည်။
ထို့ ကြောင့် ကူးစက်ရောဂါပိုးများဝင်ရောက်ခြင်းမရှိအောင် ကာကွယ်ပေးပါသည်။
၎င်းဓာတ်မျိုးကို ဒိန်ချဉ်တွင်တွေ့ ရှိရ၍၊ အမျိုးသမီးများနေ့ စဉ် ဒိန်ချဉ်တစ်ဖန်ခွက်သောက်ခြင်းဖြင့်၊ မိန်းမကိုယ်တွင်းမှတစ်ဆင့်
ကူးဆက်ပိုးဝင်ရောက်ခြင်းကို ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ ရှိရကြောင်းပါ......

မူရင်း။ ။ Health Digest

(သူတပါးစိတ်ချမ်းသာမှုပာာ မိမိစိတ်ချမ်းသာမှုဖြစ်တယ်။)

အံ့ဖွယ် ရုံးပတီသီးအစွမ်း

အံ့ဖွယ် ရုံးပတီသီးစွမ်းအား


အံ့ဖွယ် ရုံးပတီသီးစွမ်းပကား

မိန်းကလေးတစ်ယောက်ရဲ့ လက်ချောင်းလေးတွေလို ရှည်ရှည်သွယ်သွယ် ကလေးတွေမို့ အနောက်နိုင်ငံက လူတွေက Ladies’ finger လို့ ခေါ်တဲ့ ရုံးပတီသီးလေးတွေဟာ မြန်မာပြည်မှာတော့ သိပ်ကို လတ်လတ် ဆတ်ဆတ် စိမ်းစိမ်းစိုစိုနဲ့ ဈေးသက်သက်သာသာ ရနိုင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါပဲ။



လူတစ်ယောက်ဟာ အနှစ်နှစ်ဆယ်ကျော် ဝမ်းချုပ်တဲ့ ရောဂါကို ခံစားခဲ့ရပြီး လတ်တလောမှာတော့ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေတက်တက်နေတတ်ပါတယ်။ အဲဒီလို နှစ်ရှည်လများ ခံစားခဲ့ရပြီး ဘာနဲ့မှ မသက်သာခဲ့တာမို့ အလွယ်တကူ ပျောက်လိမ့်မယ်လို့လည်း ထင်မထားပါဘူး။



ဒါပေမယ့် ထူးဆန်းစွာပဲ ရုံးပတီသီးကြောင့် သူ့ရောဂါတွေ ပျောက်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကစပြီး ရုံးပတီသီး မှန်မှန်စားလိုက်တာ.. ဘာဆေးမှ မမှီဝဲရတော့ပါဘူးတဲ့။ ဝမ်းချုပ်တာ၊ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေ တက်နေတာ ပျောက်သွားတဲ့အပြင် သွေးထဲက သကြားဓာတ်တွေလည်း ၁၃၅ ကနေ ၉၈ ထိ ကျဆင်း သွားခဲ့ပါတယ်။ ကိုလက်စထရော လယ်ဗယ်ကိုလည်း ထိန်းထားနိုင်လာပါတယ်။



လေ့လာသုတေသနပြုချက်တွေအရ ရုံးပတီသိးဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ အစုအပေါင်း တစ်ခုပါပဲတဲ့။ တစ်ဝက်လောက်က ပျော်ဝင်နိုင်တဲ့ အမျှင်တွေ နဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီ ပျော်ဝင်နိုင်တဲ့ အမျှင်တွေက ကိုလက်စထရောကိုကျစေပြီး နှလုံးရောဂါဖြစ်ဖို့ကိုလည်း နည်းပါးစေပါတယ်။ ကျန်တစ်ဝက်ကတော့ မပျော်ဝင်နိုင်တဲ့ အမျှင်နဲ့ ဖွဲ့စည်းထားပြီး သူတို့က အူသိမ်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့ကျစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ မဖြစ်ဖို့ တားဆီးပေးပါတယ်။



ချက်ထားတဲ့ ရုံးပတီသီး ပန်းကန်တစ်ဝက်လောက်မှာ folic acid နဲ့ ဗီတာမင် B6 တွေက လိုအပ်တယ်လို့ ညွှန်းဆိုထားတဲ့ ပမာဏရဲ့ ၁၀% ပါဝင်ပါတယ်။ ဒါကြောင့် ရုံးပတီသီးဟာ ဗီတာမင် B6, folic acid နဲ့ အမျှင် ဓာတ်တွေ သိပ်ကြွယ်ဝတဲ့ အစားအစာလို့ ဆိုနိုင်ပါတယ်။



ရုံးပတီသီးမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးများ



Dietary Fiber 2 gm

Protein 1.5 gm

Carbohydrate 5.8 gm

Vitamin A 460IU

Vitamin C 13 mg

Folic acid 36.5 microgram

Calcium 50 mg

Iron filtered 0.4 mg

Potassium 256 mg

Magnesium 46 mg



ဒါတွေက ဂဏန်းသတ်မှတ်ချက် တန်ဖိုးတွေသက်သက် ဖြစ်ပါတယ်။ လမ်းညွှန်ချက် အဖြစ်ပဲ သုံးပါ။ အကယ်၍ သင်က တကယ်လိုအပ်နေပြီး ဆေးပညာအရလည်း ကန့်သတ်နေထိုင် စားသုံးနေရတယ် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးပါ။

ရုံးပတီသီးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကတော့ ..



+ ရုံးပတီသီးမှာ ပါဝင်တဲ့ အမျှင်တွေက သွေးထဲက သကြားဓာတ်ကို လျော့ကျစေပါတယ်။ သူက အူကနေ သကြားဓာတ် စုတ်ယူမှုကို ထိန်းထားပေးနိုင်တာမို့ပါ။



+ ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲတွေက ကိုလက်စထရောကိုတင် တားဆီးပေးတာ မဟုတ်ပါဘူး။ အဆိပ်တွေ သယ်ဆောင်လာတဲ့ အက်စစ်တစ်မျိုးကိုလည်း အသည်းကနေ အမြောက်အများ စစ်ထုတ်နိုင်ဖို့ လည်းအားပေးပါတယ်။



+ တော်တော်များများသော ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက ရောဂါတော်တော်များများဟာ အူကနေ စဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ ရုံးပတီသီးရဲ့ အမျှင်ဓာတ်က ဝမ်းချုပ်တာကို တားဆီးပေးတယ်။ အမျှင်အများစုက ဝမ်းချုပ်တာကို တားဆီးပေးတတ်ပေမယ့် ရုံးပတီသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ကတော့ အဲဒီအတွက် အကောင်းဆုံးလို့ ဆိုပါတယ်။ အူကို အလုပ်လုပ်တာ ပုံမမှန်စေတဲ့၊ ထိခိုက်စေတတ်တဲ့ ကြမ်းတမ်းတဲ့ ဂျုံကြမ်းတွေလို မဟုတ်ပဲ ရုံးပတီသီးရဲ့ အမျှင်ဓာတ်က အူကို သက်သာမှု ပေးစေနိုင်ပါတယ်။



လူတော်တော်များများကတော့ ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲဓာတ်က အညစ်အကြေးကို ကောင်းမွန်စွာ စွန့်ပစ်စေဖို့ အထောက်အကူပြုတဲ့အတွက် သိပ်ပြီး မနှစ်သက်ချင်ကြပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုံးပတီသီးဟာ တော်တော်များများသော ကျန်းမာရေး ပြဿနာတွေကို ပြေလည်စေတဲ့ သက်သာစေတဲ့ တန်ဖိုးရှိတဲ့ ဟင်းသီး တစ်မျိုး ဆိုတာကတော့ ငြင်းလို့ မရပါဘူး။



သွေးထဲက ကိုလက်စထရောနဲ့ အဆိပ်တွေကို လျော့ကျ စေရုံမက သွေးလှည့်ပတ်မှုကိုလည်း ပုံမှန်ဖြစ်စေတဲ့အတွက် အင်မတန် ဆေးဖက်ဝင်တဲ့အပြင် (အများကြီး အလွန်အကျွံ စားသူတွေကလွဲရင်) ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ အဆိပ်အတောက် လုံးဝကင်းစင်ပြီး ဆေးဖက်ဝင်တဲ့ ဟင်းသီး တစ်မျိုး ဖြစ်တဲ့အပြင် ဈေးသက်သက်သာသာနဲ့ လူတိုင်းလည်း စားသုံးနိုင်တဲ့အတွက် အဆင်ပြေပါတယ်။



+ရုံးပတီသီးမှာ ပါဝင်တဲ့ ဓာတ်တွေနဲ့ အာဟာရ တန်ဖိုးတွေ လျော့ကျမသွားဖို့အတွက်က သူ့ကို တတ်နိုင်သမျှ အချိန်အနည်းဆုံးချက်ပြုရပါမယ်။ အစိမ်းစားတဲ့သူတွေရှိပေမယ့် ရေနွေးလေး ဖျောလိုက်တာ၊ ခဏလောက် ရေနွေးငွေ့နဲ့ ပေါင်းလိုက်တာမျိုးတွေ လုပ်စားနိုင်ပါတယ်။






http://www.myanmaronlinenetwork.com/index.php?topic=960.0

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း


ဆီးလမ်းကြောင်း စနစ်မှာပါဝင်တဲ့ ကျောက်ကပ်၊ ဆီးပြွှန်နှင့် ဆီးအိမ် စတဲ့ တစ်နေရာရာမှာ ပိုးဝင်တာကို ဆီးလမ်းကြောင်းပိုးဝင်တယ်လို့ ဆိုပါတယ်။ များသောအားဖြင့် ဆီးအိမ်နဲ့ ဆီးအိမ်အောက်ပိုင်းက ဆီးပြွှန်မှာ ပိုးဝင်တာ အဖြစ်များပါတယ်။ ရောဂါလက္ခဏာများ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လူတိုင်းမှာ ရောဂါလက္ခဏာများကို ခံစားရတာမဟုတ်ပေမယ့် အများစုမှာတော့ အောက်ပါလက္ခဏာအချို့ကိုတွေ့ရတတ်ပါတယ်။

ရောဂါလက္ခဏာတွေဟာ လျှပ်တပျက်ဖြစ်ပေါ်လာတတ်ပြီး ယျေဘူယျအားဖြင့်ကတော့
-ဆီးသွားချင်စိတ်ကို ထိန်းမရခြင်း
- ဆီးပူ ဆီးကျင်ခြင်း
- ပမာဏနည်းနည်းနှင့် မကြာခဏဆီးသွားခြင်း
-ဆီးတွင်း သွေးပါခြင်း ၊ ဆီးနံ့အလွန်ပြင်းခြင်း တို့ဖြစ်ပါတယ်။
ဆီးလမ်းကြောင်း တလျှောက်ပိုးဝင်တဲ့နေရာပေါ်မူတည်ပြီး ဖြစ်ပွားနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့



ပိုးဝင်ခြင်းကြောင့် ကျောက်ကပ်ယောင်ခြင်း
-ကျောအောင့်ခြင်း
-အပြင်းဖျားခြင်း
-ချမ်းတုန်ခြင်း
-ပျို့အန်ခြင်း
- မူးဝေခြင်း

ဆီးအိမ်ပိုးဝင်ပြီးယောင်ခြင်း
-ဆီးစပ်နေရာတွင် နာကျင်ခြင်း
-ဆီးကျင်ပြီး မကြာခဏ ဆီးသွားချင်ခြင်း
-အဖျားသွေးငွေ့ငွေ့ရှိခြင်း

ဆီးလမ်းကြောင်း ယောင်ခြင်း
-ဆီးပူဆီးကျင်ခြင်းတို့ဖြစ်တတ်ပါတယ်။

ဖြစ်ပွားရသော အကြောင်းများ
ဘက်တီးရီးယားပိုးများ ဆီးလမ်းကြောင်းအတွင်းသို့ စတင်ဝင်ရောက်ပြီး ဆီးလမ်းကြောင်ထဲ၌ ပွားများကြရာက ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်ရခြင်းဖြစ်ပါတယ်။ ဆီးအိမ်ပိုးဝင်ခြင်းဟာ များသောအားဖြင့် အစာအိမ်နဲ့အူလမ်းကြောင်းမှာ ကျက်စားလေ့ရှိတဲ့ အကောင်တစ်မျိုးဖြစ်တဲ့ Escherichia coli ကြောင့် ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းကို ယောင်ယမ်းစေတဲ့ အခြား ပိုးမွှားတွေကတော့ ကာလသားရောဂါကိုဖြစ်စေနိုင်တဲ့ ganorrhonoes, clamydia နဲ့ herpes simplex virus တွေကြောင့်လည်း ပိုးဝင်ခြင်းဖြစ်တတ်ပါတယ်။

ဘယ်လိုလူတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များတတ်ပါသလဲ

၁။ အမျိုးသမီးများ
အမျိုးသမီးများမှာ ခန္ဓာဗေဒဖွဲစည်းပုံအရ ဆီးလမ်းကြောင်းဟာ အမျိုးသားများထက် ပိုတိုတာကြောင့် ပိုးမွှားများဟာ ဆီးအိမ်ကို ရောက်ဖို့ လွယ်ကူတတ်ပါတယ်။ အမျိုးသမီးထုရဲ့ ထက်ဝက်ဟာ သူတို့ရဲ့ဘ၀ တသက်တာမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ခံစားရတတ်ပြီး တချို့မှာတော့ အကြိမ်တစ်ခါထက်မနည်း တွေ့ကြုံရတာကို တွေ့ရပါတယ်။

၂။ လိင်ဆက်ဆံမှုများသူများ
လိင်ဆက်ဆံမှုများသူများမှာ ဆီးလမ်းကြောင်းကို လှုံ့ဆော်ခြင်း၊ ပိုးမွှားမှာ အလွယ်တကူဝယ်ရောက်နိုင်ခြင်းတိုကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များတဲ့ပါတယ်။ လိင်ဆက်ဆံမှုများတဲ့ အမျိုးသမီးများမှာတော့ ဆီးလမ်းကြောင်း ပိုးဝင်ဖို့ အခွင့်များတာဟာ ထင်ရှား တာကို တွေ့ရပါတယ်။

၃။ သန္ဓေတားခြင်း
အမျိုးသမီးကွန်ဒွန်တမျိုးဖြစ်တဲ့ သုံးတဲ့ အမျိုးသမီးများ၊ သုတ်ပိုးသေစေတဲ့ဆေးများ သုံးတဲ့အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များတတ်ပါတယ်။

၎။ ဇရာ သွေးဆုံးပြီးအမျိုးသမီးတွေမှာ အမျိုးသမီးဟော်မုန်းတမျိုးဖြစ်တဲ့ အီစထရိုဂျင် နည်းပါးလာတာကြောင့် မိန်းမကိုယ်၊ ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်နံရံများ ပါးလာခြင်း၊ ပွန်းပဲ့လွယ်ခြင်းတို့ကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပိုဖြစ်စေပါတယ်။

၅။ ကျောက်ကပ် တွင် ကျောက်တည်ခြင်း
ကျောက်ကပ်တွင်း ကျောက်တည်ခြင်း နှင့် ဆီးလမ်းကြောင်းကို ပိတ်စို့စေသော အခြားသော အကြောင်းအရာများဟာလည်း ဆီးလမ်းကြောင်းပိုးဝင်ဖို့ အခွင့်အလမ်းတွေပဲဖြစ်ပါတယ်။

၆။ဆီးချိုသွေးချိုနှင့် အခြားနာတာရှည်ရောဂါများ
ဒီရောဂါတွေဟာ ကိုယ်ခံအား စနစ်ကို ကျဆင်းစေတာမို့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်။

၇။ ဆီးပိုက်များ
ဆီးပိုက်များကို ကြာရှည်စွာ သုံးစွဲရသော သူတွေမှာလည်း ဆီးလမ်းကြောင်းပိုးဝင်ဖို့ အခွင့်အလမ်းများတာကို တွေ့ရပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ
ဆီးလမ်းကြောင်းပိုးဝင်မှုကို ထိရောက်စွာကုမယ်ဆိုရင် ပျောက်ကင်းလွယ်တဲ့ ရောဂါဖြစ်ပေမယ့် အမှုမဲ့အမှတ်မဲ့ထားမိတဲ့ခါ ကျောက်ကပ်အထိပိုးဝင်ခြင်း အဲဒီက တဆင့် ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်နိုင်ပါတယ်။ သက်ကြီးရွယ်အိုများနဲ့ ကလေးသူငယ်များမှာ ရောဂါလက္ခဏာများကိုလစ်လျူရှုမိခြင်း ၊ အခြားရောဂါများနှင့် အမှတ်မှားတတ်ခြင်းတို့ကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ပိုမို ဖြစ်ပွားတာကို ပိုတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ဆီးလမ်းကြောင်း ပိုးဝင်မယ်ဆိုရင်တော့ လမစေ့ဘဲ မွေးတတ်ခြင်း၊ ကလေးပေါင်မပြည့်တတ်ခြင်းတို့ကိုဖြစ်ဖို့အခွင့်အလမ်းပိုများ လာပါတယ်။

ရောဂါရှာဖွေ စစ်ဆေးခြင်း
ရောဂါလက္ခာများကို သေချာမေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဆီးစစ်ခြင်း နှင့် ဆီးပိုးမွေးခြင်း သင့်မှာအထက်ပါရောဂါလက္ခဏာများရှိပြီး သင့်ဆရာဝန်က ဆီးလမ်းကြောင်းပိုးဝင်မှုကို သံသယဖြစ်တဲ့အခါ ဆီးထဲမှာပါတဲ့ သွေးနီဥ၊ သွေးဖြူဥနဲ့ အခြားသော ဘက်တီးရီးယားတွေကို စစ်ဆေးဖို့ ပြောမှာဖြစ်ပါတယ်။ ဒါမှသံသယဖြစ်တယ်ဆိုရင်တော့ ဆီးပိုးမွေးခြင်းကို လုပ်နိုင်ပါတယ်။ ဆီးစစ်ခြင်းအားဖြင့် ဆီးလမ်းကြောင်း ရဲ့ဘယ်နေရာမှာ ပိုးဝင်တယ်ဆိုတာကို ခွဲခြားသိနိုင်မှာမဟုတ်လို့ သင့်ဝေဒနာ အသေးစိတ်ကို သင့်ဆရာဝန်ကို သေချာပြောပြဖို့ အရေးကြီးပါတယ်။

ကုသနည်း
မပြင်းထန်တဲ့ ဆီးလမ်းကြောင်းပိုးဝင်မှုများကို ပြင်ပ လူနာအနေနဲ့ကုသမှုခံယူနိုင်ပြီး ပြင်းထန်တဲ့ ဆီးလမ်းကြောင်းပိုးဝင်မှုများ၊ ဒါမှမဟုတ် အခြားသော နာတာရှည် ရောဂါရှိသူများနဲ့ သက်ကြီးရွယ်အိုများမှာတော့ ဆေးရုံတက်ပြီး ကုသမှုကို ခံယူဖို့လိုကောင်း လိုမှာဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တဲ့အတွက် သင့်ဆရာဝန်က Amoxicillin, Nitrofurantoin Ciprofloxacin Levofloxacin Sulfamethoxazole-trimethoprim စတဲ့ဆေးတွေနဲ့ ဘက်တီးရီးယားအမျိုးအစားပေါ်မူတည်ပြီး ကုသပေးမှာဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေ ဟာ ဆေးသောက်ပြီး ရက်အနည်းငယ်အတွင်း ပျောက်ကင်းနိုင်ပေမယ့် သင့်အနေနဲ့ ဆရာဝန် ညွှန်ကြားတဲ့ရက်ပြည့်တဲ့အထိ ပိုးသတ်ဆေးကို သောက်သုံးသင့်တာဖြစ်ပါတယ်။ ဒါမှသာ သင့်ကိုယ်တွင်းက ဘက်တီးရီယားပိုးကို အပြီးတိုင်ရှင်းလင်းပြီး ဖြစ်မှာ ဖြစ်ပါတယ်။ ဆီးကျင် ဆီးအောင့်ခြင်းအတွက် အချို့သော အကိုက်အခဲပျောက်ဆေးများက သင့်ကိုကူညီမှာဖြစ်ပေမယ့် သင့်မှာရှိတဲ့အခြားရောဂါတွေကို သင့်ဆရာဝန်ကို ဖွင့်ပြောတိုင်ပင်ဖို့လည်း မမေ့သင့်ပါဘူးလေ။ ဆီးလမ်းကြောင်းအတွက် သောက်သုံးတဲ့အကိုက်အခဲပျောက်ဆေး အချို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ဆီးအရောင် ပြောင်းတတ်ခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ သွေးသားပြီးဆုံးတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင်တော့ သင့်ဆရာဝန်က သင့်ရဲ့ကျန်းမာရေးအခြေအနေ နဲ့ဆေးရဲ့ဆိုးကျိုးတွေကို ချင့်ချိန်ပြီး အမျိုးသမီးဟော်မုန်းဖြစ်တဲ့ အီစထရိုဂျင်ကို ပေးခြင်းအားဖြင့် သင့်ရဲ့ဆီးလမ်းကြောင်း ပိုးဝင်မှုအကြိမ်ရေကို လျော့ကျစေမှာဖြစ်ပါတယ်။

ထပ်ခါထပ်ခါ
အကယ်လို့ သင့်မှာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ဝေဒနာကို ထပ်ခါထပ်ခါ ခံစားနေရမယ်ဆိုရင်တော့ သင့်ရဲ့ဆရာဝန်က ပိုးသတ်ဆေးကို ရက်အနည်းငယ်ပိုသောက်ခိုင်းခြင်း ဒါမှမဟုတ် သင်ခံစားနေရတဲ့ဝေဒနာ လက္ခဏာပေါ်မူတည်ပြီး ပိုးသတ်ဆေး ရက်တိုများကို ချိန်ဆသောက်ခိုင်းခြင်းများ ပြုလုပ်မှာဖြစ်ပါတယ်။ ဆီးပိုးစစ်တဲ့ တစ်ခါသုံး stick လေးတွေကို အခုအခါ အလွယ်တကူရနိုင်ပြီး အဲဒါတွေကတဆင့် အတော်ကို တိကျတဲ့အဖြေရနိုင်တာမို့ သင့်မှာရောဂါလက္ခဏာ ခံစားရပြီဆိုရင် အလွယ်တကူ စစ်နိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပိုးသတ်ဆေးကို သုံးစွဲသည်ဖြစ်စေ သင့်ဆရာဝန် ညွှန်ကြားချက်အတိုင်း သုံးစွဲတာ ဟာ သင့်အတွက် သင့်တော် စိတ်ချရဆုံးပဲဖြစ်ပါလိမ့်မယ်။

အိမ်တွင်းဆေး
ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အခါ သင့်အနေနဲ့ဆေးထိုးဆေးသောက်တာတွေ အပြင်အိမ်တွင်းကုသနည်းအနေနဲ့ ဝေဒနာ သက်သာအောင် လုပ်နိုင်တာတွေကတော့

၁။ ရေများများသောက်ပါ ရေများများ သောက်ခြင်းဟာ ဘက်တီးရီးယားများကို ဖယ်ရှားပေးခြင်းအားဖြင့် သင့်ရဲ့ဆီးလမ်းကြောင်းကို သန့်စင်စေမှာဖြစ်ပါတယ်။

၂။ ကော်ဖီနှင့် အချဉ်ဓါတ် ကော်ဖီ၊ အရက်သေစာ၊ ကိုကာကိုလာ အစရှိတဲ့ အချိုရည်များ၊ အချဉ်ဓါတ်ပါတဲ့အချိုရည်များမကြာခဏ ဆီးသွားစေတာမို့ ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အချိန်မှာ အဲဒီအရာတွေ အလွန်အမင်း သောက်သုံးခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။

၃။ ရေနွေးအိတ်ကပ်ပေးခြင်း ဆီးစပ်နေရာမှာ ရေနွေးအိတ်ကပ်ပေးခြင်းဖြင့် ဆီးအိမ်အောင့်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်းတို့ကို လျော့ကျစေမှာဖြစ်ပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက်ထိရောက်ပါတယ်။
သောက်ဆေးထိုးဆေးအပြင် လူနေ မှုစတိုင်ပြောင်းလဲပေးခြင်းဟာလည်း ဆီးလမ်းကြောင်း ပိုးဝင်မှုကို အထိုက်အလျှောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အဲဒါလေးတွေကတော့

၁။ အရည်များများ သောက်ပေးပါ။ ဆီးလမ်းကြောင်းဟာ ခန္ဓာကိုယ်က အညစ်အကြေးမှန်သမျှကို စွန့်ပစ်ရာ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အရည်များများသောက်ခြင်း အထူးသဖြင့် ရေများများသောက်ခြင်းဟာ ဆီးလမ်းကြောင်းကို သန့်စင်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အခြားသော လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်များကိုလည်း သင့်မှာ အခြားကျန်းမာရေးပြသနာမရှိဘူးဆိုရင် သောက်သုံးနိုင်ပါတယ်။

၂။ ရေအိမ်တက်တဲ့အခါ ကျင်ကြီးကျင်ငယ်သွားပြီးလို့ သန့်စင်တဲ့အခါ ခန္ဓာကိုယ်အရှေ့ပိုင်းမှ အနောက်ဘက်ဆီသို့ သန့်စင်ခြင်းဟာ စအိုမှ ဘက်တီးရီးယားများ ဆီးလမ်းကြောင်းဘက်သို့ရောက်လာနိုင်မှုကို လျော့ကျစေတာမို့ ကောင်းတဲ့အကျင့်လေး တစ်ခုဖြစ်ပါတယ်။

၃။ ရေအိမ်အမြန်သွားပေးပါ။
သင့်အဖော်နဲ့ ကိစ္စပြီးဆုံးတဲ့အခါ အလျှင်အမြန်ဆီးသွားပေးခြင်းဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို အတန်အသင့် လျော့ကျစေပါမယ်။ ရေတစ်ခွက် သောက်ခြင်းဟာလည်း ဘက်တီးရီးယားတွေကို အတန်အသင့်ရှင်းလင်းပေး တယ်လို့ ဆိုပါတယ်။

၎။ အမျိုးသမီးသုံးပစ္စည်းအချို့
အချို့သော အမျိုးသမီးသုံး အမွေးအကြိုင်များနဲ့ အမျိုးသမီးသုံးပစ္စည်းအချို့ဟာ ဆီးပြွှန်ကို လှုံ့ဆော်ပေးတာကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ဖို့ အခွင့်အလမ်းကို ပိုဖြစ်စေပါတယ်။

ဒီဆောင်းပါးလေးဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို တစေ့တစောင်း သိနိုင်ဖို့ ရည်ရွယ်တာမို့ စာဖတ်သူအနေနဲ့ သတိထားသင့်တဲ့အချက်တွေကို သိရှိနိုင်မှာဖြစ်ပြီး သင့်ဆရာဝန်ဆီကိုသွားတဲ့အခါမှာလည်း သင့်အတွက် မေးစရာမေးခွန်းအချို့ အဆင်သင့်ရှိနေပြီလို့ ယူဆပါတယ်။ ဆေးပညာရဲ့ လျှို့ဝှက်ချက်အတိုင်း ဘယ်စာအုပ်ဘယ် ၀က်ဘ်ဆိုက်တ် ကမှ သင့်ဆရာဝန်နဲ့ အစားထိုးနိုင်မှာမဟုတ်တာမို့ သင့်ရဲ့မိသားစုဆရာဝန် ကို ရောဂါလက္ခဏာများကို ပွင့်ပွင့်လင်းလင်းဖွင့်ပြောတိုင်ပင်ဖို့ တိုက်တွန်းချင်ပါတယ်။

မူရင်း
1. Mayoclinicstaff. http://www.mayoclinic.com/health/urinary-tract-infection/DS00286. Mayoclinic; 2008; Available from: http://www.mayoclinic.com/health/urinary-tract-infection/DS00286.
2. ; Available from: http://en.wikipedia.org/wiki/Urinary_tract_infection.

မွန်းသက်ပန် (ဆေး ၁)
လောကအလှ အွန်လိုင်းမဂ္ဂဇင်း
၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်

ဆီးချို သွေးချို ရောဂါဝေဒနာရှင်များအတွက် ပျားမြီးရွက်

တစ်နေ့တွင် စာရေးသူနှင့်အတူ တိုင်းရင်းဆေးဆရာ ဦးအေးချိုတို့ ကျောက်မြောင်း

အောင်မင်္ဂလာ မြို့ပတ်လမ်းရှိ ဦးသိန်းလှ(ဦးအန်းတူ) အလုပ်ရုံသို့ ရောက်ရှိသွားပါသည်။ ဆီးချို သွေးချို ရောဂါရှင် ဦးသိန်းလှ(ဦးအန်းတူ)ကို ကျန်းမာဝဖြိုးစွာ တွေ့လိုက်ရ၍ ဆရာ ဦးအေးချိုက---


ဦးသိန်းလှ အသားအရေ ပြောင်းလဲပြီး ကျန်းမာဝဖြိုးနေပုံထောက်တော့ ခင်ဗျားဆီးချိုရောဂါ တော်တော် အခြေအနေ ကောင်းနေပြီနဲ့တူတယ်။ ဘယ်လိုဆေးကောင်းတွေ့ပြီး ကျန်းမာဝဖြိုးလာတာလဲဆိုတာ
ပြောပြစမ်းပါဦး---

တခြားတော့ မဟုတ်ဘူး ဆရာချို၊ ကျွန်တော်တို့မိတ်ဆွေတစ်ယောက် ညွှန်ပြလိုက်လို့ ဆီးချိုကျ ဆေးပင်တစ်မျိုးရပြီး အညွှန်းအတိုင်း စားတာနဲ့ ဆီးချိုရောဂါ သက်သာသွားတာပဲ။

ဆေးပင်နာမည်က ဘာတဲ့လဲဗျ၊ အပင်ရှိရင်လဲ မျိုးပေးပါဦး၊ ကျွန်တော်တို့ သုတေသနလုပ်ပြီး
ရောဂါဝေဒနာရှင်တွေကို ညွှန်ပြရတာပေါ့။

ဆေးပင်နာမည်က ပျးမြီးရွက် အပင်လို့ ခေါ်တယ်။ အပြည့်အစုံသိချင်ရင်တော့ ကျွန်တော့်ကို ဆေးပင်ပေးတဲ့သူရဲ့ အညွှန်းအတိုင်း ပြောပြမယ်၊-ဟုဆိုကာ ဦးသိန်းလှ-က ဆီးချိုရောဂါ သက်သာပျောက်ကင်းစေသော တိုင်းရင်းဆေး ပျားမြီးရွက်အပင်အကြောင်း
အောက်ပါအတိုင်း ပြည့်ပြည့်စုံစုံ ပြောပြခဲ့ပါသည်။

ဆေးပင်အမည်မှာ ပျးမြီးရွက်အပင် (bee's tail plant)ဟုခေါ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မူရင်းစိုက်ပျိုးကာ ယိုးဒယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာနိုင်ငံများသို့ တိုင်းရင်းဆေး ဝါသနာရှင်များက မျိုးပွားယူခဲ့ကြောင်း၊ အပင်၏ ပုံသဏ္ဍာန်မှာ ပျင်ပျော့နွယ်ပင်ဖြစ်ကာ အရွက်သည် ပျားကိုယ်နောက်ပိုင်းနှင့် တူလျက် အရွက်ဘေးတွင် အထစ်များ ပါဝင်သည်။ ပင်စည်နီညိုရောင်နှင့် အစိမ်းရောင် (၂)မျိုးရှိကြောင်း
လေ့လာတွေ့ရှိရသည်။

အရွက်သည် ပျားပြီးနှင့်တူကာ သာမန်အရွက်သည် အလျား(၄)လက်မခန့်နှင့် အနံ(၂)လက်မခန့် ရှိလျက် မြေသြဇာကောင်းလျှင် အလျား (၅)လက်မခန့်နှင့် အနံ(၂)လက်မခွဲခန့် ရှိသည်။ အခက်အလက်တို့ကို ဖြတ်၍ မြေတွင်စိုက်ရုံဖြင့် မျိုးပွားရှင်သန်လွယ်သည်။

ဆေးသုံးစွဲပုံ---
ဦးစွာ ဆီးချို သွေးချိုကို စစ်ဆေးတိုင်းတာရပါမည်။ ပုံမှန်ထက် အနည်းငယ် တက်နေပါက တစ်နေ့လျှင် ပျားမြီးရွက် (၁)ရွက်အားရေသန့်သန့်နှင့် ဆေး၍ ဝါးစားရန် ဖြစ်ပါသည်။
စားပြီး နောက်တစ်နေ့တွင် ဆီးချို သွေးချို ပြန်စစ်ကြည့်ပါ။ ပုံမှန်ဖြစ်သွားပါက ဆက်စားရန် မလိုပါ။
ဆီးချို သွေးချိုသည် (၂၀၀)နှင့် (၂၆၀)ကြား ရှိပါက ပျားမြီးရွက် (၃)ရွက်အား ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန် ဖြစ်ပါသည်။ နောက်တစ်နေ့တွင် ခါတိုင်းကဲ့သို့ ဆီးချို သွေးချိုကို ပြန်တိုင်းကြည့်ပါ။ ပုံမှန်ဖြစ်ပါက ဆက်မစားဘဲ နေနိုင်ပါသည်။
အကယ်၍ ဆီးချို သွေးချိုသည် (၄၆၀)ကျော်ထိ ရှိပါက ပျားမြီးရွက် (၆)ရွက်မှ (၉)ရွက်အား
ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန် ဖြစ်ပါသည်။ နောက်တစ်နေ့တွင် ခါတိုင်းကဲ့သို့ ဆီးချို သွေးချိုကို ပြန်တိုင်းကြည့်ပါ။ ပုံမှန်ဖြစ်ပါက ဆက်မစားဘဲ နေနိုင်ပါသည်။


အကယ်၍ ဆီးချို သွေးချိုသည် ပျားမြီးရွက် အစားများ၍ တအားကျဆင်းသွားပါက လက်ဖက်ရည်အချို စသည့် စားစရာ ဖျော်ရည်တို့အား သုံးဆောင်နိုင်ပါသည်။ မူလအခြေအနေ (Normal Level) သို့ ရောက်သွားသောအခါ အချိုဖျော်ရည်၊ အစာတို့ကို ခေတ္တရပ်ထားလိုက်ပါ။ ဆီးချို သွေးချိုကြောင့် ခွဲစိတ်ရန် လိုအပ်သူများသည် အထက်ပါ ပျားမြီးရွက်စားသုံး၍ အဆင်ပြေခဲ့ကြောင်း လေ့လာသိရှိရပါသည်။


မူလအပင်အား မလေးရှားနိုင်ငံမှ (၂၀၀၁-၂၀၀၂)ခုနှစ်တွင် ရရှိခဲ့ပြီး ထပ်ဆင့် မျိုးပွားခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံ ရန်ကုန်၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ပဲခူး၊ မြိတ်၊ ကောင့်သောင်း၊ ကျိုင်းတုံ၊ နမ်းခမ်း၊ တောင်ကြီး၊ ဝန်းသို၊ ဂန့်ဂေါ၊ မန္တလေး၊ ပျဉ်းမနား၊ လက်ပံတန်း၊ ဖားကန့်ဒေသများရှိ ဆီးချို သွေးချို ရောဂါဝေဒနာရှိသူများ၊ တိုင်းရင်းဆေးပင် စိတ်ပါဝင်စားသူများ လက်သို့ မျိုးပွားဖြန့်ဝေပေးပြီး ဖြစ်ကြောင်း သိရှိရပါသည်။ ဆီးချို သွေးချိုရှိသူ ဝေဒနာရှင် စားသုံးသူများအတွက် အကျိုးထိရောက်မှု ရှိကြောင်း သိရှိရပါသည်။

ဆရာ ဦးအေးချို၏ မိတ်ဆွေ ဦးသိန်းလှ (ဦးအန်းတူ) က ပျားမြီးရွက်အပင်၏မူရင်း စိုက်ပျိုးသောနိုင်ငံ၊ မျိုးပွား ယူခဲ့သော နိုင်ငံနှင့် ပျံ့နှံ့နေသည့် နေရာဒေသများအကြောင်း အကျယ်တဝင့် ပြောပြခဲ့ပါသည်။
နက္ခတ္တရောင်ခြည် စာဖတ်ပရိသတ်များနှင့် ဆီးချို သွေးချို ရောဂါဝေဒနာရှင်များ အကျိုးရှိရှိ အသုံးချနိုင်ရန် ဆီးချို သွေးချို ရောဂါဝေဒနာရှင်များအတွက် တိုင်းရင်းဆေး ပျားမြီးရွက်အပင်အကြောင်း နက္ခတ္တရောင်ခြည် မဂ္ဂဇင်းစာမျက်နှာပေါ်မှ ရေးသားတင်ပြလိုက်ရပေသည်။


ဇော်ရဲနိုင်
(နက္ခတ္တ ၂၀၀၆-၃)

လူ လူချင်း ကိုက်သောအခါ

- -လူတစ်ယောက်ကနေ လူတစ်ယောက်ကို ကျီစယ်တဲ့အနေနဲ့ပဲဖြစ်ဖြစ်၊ စိတ်ဆိုးဒေါသထွက်လို့ပဲဖြစ်ဖြစ် ကိုက်တဲ့အခါမှာ သွားကိုက်ရာကြောင့် အရေပြား ပေါက်ပြဲသွားတတ်ပါတယ်။
အဲဒီလို လူ လူချင်းကိုက်တာက အန္တရာယ်ရှိပါတယ်။

အကြောင်းကတော့ ပေါက်ပြဲဒဏ်ရာကနေ တစ်ဆင့် ကူးစက်ပိုး ဝင်နိုင်ခြေများလို့ပါ။
လူ လူချင်းကိုက်တဲ့ အပြုအမူဟာ ကလေးငယ်လေးတွေမှာ အတွေ့ရ များပါတယ်။

ကလေးတွေဟာ သွားပေါက်ခါစမှာ သွားဖုံးယားလို့ ဒါမှမဟုတ် ဒေါသထွက်စိတ်ဆိုးလို့ ကိုက်တတ်ပါတယ်။
လူ လူချင်းကိုက်တာက တိရစ္ဆာန်တချို့ ကိုက်တာထက်တောင် အန္တရာယ်ပိုများတတ်ပါတယ်။

တချို့လူတွေရဲ့ ပါးစပ်ထဲမှာ ပိုးမွှား (Germs) တွေ ရှိနေတတ်ပြီး အဲဒီ ကူးစက်ပိုးတွေဟာ ကုသရခက်တာကြောင့်ပါ။
ဒါကြောင့် သင့်ခန္ဓာကိုယ်မှာ အထူးသဖြင့် သင့်လက်မှာ ကိုက်ရာကြောင့် ကူးစက်ပိုးဝင်တာမျိုးရှိခဲ့ရင် ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသမှုခံယူနိုင်အောင် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားရောက်သင့်ပါတယ်။
ပြင်းထန်ဆိုးရွားတဲ့ တချို့သော အခြေအနေတွေမှာ ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်နေပါတယ်။

ရောဂါလက္ခဏာများ

အကိုက်ခံရတဲ့အခါ ယေဘုယျအားဖြင့် အသေးအမွှေးကနေ ပြင်းထန်တဲ့အဆင့်အထိ ရောဂါလက္ခဏာ ပြသနိုင်ပါတယ်။

- သွေးထွက်တဲ့ ဒါမှမဟုတ် သွေးမထွက်တဲ့ ပေါက်ပြဲရာ
- သွေးစို့တဲ့ ဒဏ်ရာ
- သွားကိုက်ရာ

ရှေးဦးပြုစုနည်း

၁။ အကိုက်ခံရပြီးချိန်မှာ စိတ်ကို တည်ငြိမ်အောင်ထားပါ။ ပြီးရင် အနာကို ဆပ်ပြာနဲ့ရေသုံးပြီး သေချာဆေးကြောပေးပါ။

၂။ ဒဏ်ရာက သွေးသိပ်မထွက်ရင် အပျော့စားဆပ်ပြာနဲ့တိုက်ပြီး စီးကျနေတဲ့ရေ (ဘုံပိုင်ရေ) မှာ ဆေးကြောပေးပါ။
အချိန် သုံးမိနစ်လောက် ဆေးကြောပေးပြီးမှ သန့်ရှင်းတဲ့ ပတ်တီးစနဲ့ ဖုံးအုပ်ပေးပါ။

၃။ အနာက သွေးထွက်နေရင်တော့ သွေးထွက်တာတိတ်တဲ့အထိ သန့်ရှင်း ခြောက်သွေ့နေတဲ့ ပတ်တီးစနဲ့ အုပ်ပေးပါ။ အဲဒီ ဒဏ်ရာရထားတဲ့နေရာကို မြှင့်ထားပေးပါ။

၎။ ပြီးရင် ဆေးကုသမှု ခံယူပါ။

ရှောင်သင့်သော အပြုအမူများ

- လူကိုက်ခံရတဲ့နေရာကို လျစ်လျူမရှုပါနဲ့။ အထူးသဖြင့် အနာက သွေးထွက်နေရင် ပိုပြီး လျစ်လျူရှုထားလို့ မရပါဘူး။
- အကိုက်ခံရတဲ့ ဒဏ်ရာကို ပါးစပ်ထဲ မထည့်ပါနဲ့။

ဆရာဝန်နှင့် တွေ့ဆုံသင့်သော အချိန်

အကိုက်ခံရတဲ့အခါ ဒဏ်ရာက ကြီးကြီးသေးသေး ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါဘူး။
ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဆရာဝန်နဲ့ အရေးပေါ် ပြသသင့်တဲ့ အခြေအနေတွေကတော့ -
- အကိုက်ခံရတဲ့ အနာကနေ ပြည်တွေစီးကျနေရင်၊ ရောင်ရမ်းနီမြန်းနေရင်၊
- အကိုက်ခံရတဲ့ ဒဏ်ရာက မျက်ဝန်းတစ်ဝိုက်မှာဆိုရင် မျက်နှာ၊ လက်၊ လက်ကောက်ဝတ်နဲ့ ခြေထောက်တွေမှာဖြစ်ရင်၊
- အကိုက်ခံရသူဟာ ခုခံအားစနစ် အားနည်းနေရင်
(ဥပမာ - HIV ပိုးရှိရင် ဒါမှမဟုတ် ကင်ဆာရောဂါကုသရာမှာ ဆေးသွင်းကုသနေရရင်) အကိုက်မခံရစေရန် ကာကွယ်မှု
- ကလေးငယ်တွေကို သူများကို ဘယ်တော့မှ မကိုက်ဖို့ သင်ထားပါ။
- ကလေးငယ်ရဲ့ ရှေ့မှာ ကျီစယ်သလိုမျိုး ကိုက်ပြဟန် မလုပ်ပါနဲ့။
ကလေးက သင့်ကို ကိုက်တဲ့အခါမှာ ပြန်ကိုက်တာမျိုးလည်း လုံးဝမလုပ်သင့်ပါဘူး။
- အတက်ရောဂါရှိသူရဲ့ ပါးစပ်နားမှာ လက်ကို ဘယ်တော့မှ မထားမိပါစေနဲ့။

Ref: Good Health

ဘီပိုး နိုင်တဲ့ဆေး



The Indian Brithwort (Atistolochia indica) သာမည ဣဿရီ
ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် ဣဿရမူလီ လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (Atistolochia indica) သာမည ဣဿရီ တဲ့။
ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး (၀၊ခ်ေလီခေူဂ့်ယုင်း) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ ခုံ့ရှော့တန်း လို့ခေါ်တယ်။
အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။

ဣဿရမူလီ အပွင့်
အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။

ဣဿရမူလီ အသီး
အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ်ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်က သိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန္တလေး၊ ကျွဲဆည်ကန်နေ နန်းမွေဖေါင် (2nd Year Law)(ရှမ်းဝတ်စုံအနီဝတ်ထားသူ) ကနေတဆင့် သိရခြင်းပါ။ သူမအဒေါ် ဒေါ်နန်းဖိန်းအောင် (အလည်မှာထိုင်နေသူ)
ဘီပိုးရောဂါဖြစ်ပြီး ယိုးဒယား၊ စင်္ကာပူအထိ သွားကုတာ သိန်းပေါင်းများစွာ ကုန်ပေမယ့် ရောဂါက မပျောက်ဖြစ်နေတယ်။ နောက်ပြီးတော့ သူမမှာ နို့ကင်ဆာလည်းဖြစ်တယ်။ နို့ကို ဓါတ်ကင်ပြီး ဖြတ်တောက်ပစ်မယ်ဆိုရင်လဲ အဲဒီအချိန် သူမရဲ့ ရင်သွေးငယ်က နို့မပြတ်သေးဘူး။ ဒါကြောင့် သူမဟာ နို့ကင်ဆာကို မဖြတ်ဘဲ ရင်သွေးငယ်ကို နို့တိုက်ပြီး နေခဲ့တယ်။ (မိခင်ရဲ့ မေတ္တာကို ဖေါ်ညွှန်းပါတယ်)
စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ နန်းမွေဖောင်တို့အဖေက ဣဿရမူလီကို သုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကို အစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ၀ါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်း သူ့ရဲ့ အသားအရေလည်း အရင်လို နီကြောင်ကြောင် နီရဲရဲ မဟုတ်တော့ပဲ အသားအရည်တွေ ၀င်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်း တော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကို ဆေးစစ်သွားတော့
ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်း မေးလာတော့
သူက တိုင်းရင်းဆေး ဣဿရမူလီ ဆေးကိုသုံးကြောင်း ပြောလိုက်တယ်။ အခု သူကျန်းကျန်းမာမာပါပဲ။ ထူးဆန်းတာက သူမရဲ့ နို့ကင်ဆာလည်း ပျောက်သွားတယ်။



ဒေါ်နန်းဖိန်းအောင် ဘီပိုး၊ စီပိုး၊ နို့ကင်ဆာ ပျောက်တဲ့သူ (လားရှိုးမြို့၊ ရပ်ကွက် ၆ ၊ ဒေါ်နန်းရွှေကျောင်းအိမ်တွင် ရိုက်ထားသည်)
ဆေးသုံးစွဲနည်း
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ၀ါးစားပြီး ရေသောက်တာ ပိုထိရောက်တယ်။
(၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်း ရပါတယ်။
(၃) အရွက်ကို အခြောက်လှမ်းပြီး လက်ဖက်ရည် သောက်သလိုမျိုး သောက်ရင်လည်း ရတယ်တဲ့။
ဓါတ်ပုံကို လားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာ သွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီ မှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
သင်ရဲ့ မိတ်ဆွေထံ ဆက်လက် လက်ဆင့်ကမ်းပြီး ဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . .

မုံရွာဒေသမှာ ဒီဆေးရွက်တွေ ရနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။
မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စ၀်ဆုခမ်း (တန့်ယန်း)
http://shanviews.com/archives/551မှကူးယူလာခြင်း

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်



မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...

ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ.. ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ... အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...

အသုံးပြုနည်း
ညအိပ်ယာဝင်ခါနီးတိုင်း...... ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...(ယခုမိတ်ဆွေ.. ၃ /၄ ယောက်လောက်မှ လက်တွေ့ လိမ်းနေပြီး... ကျေးဇူးတင်ကြောင်း... ထောက်ခံချက်ပေးလာသောကြောင့်... သူငယ်ချင်းတို့ကို မျှဝေလိုက် ပါတယ်) မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်.....

ချောကလက်၏ လူသိမများသေးသော ကျန်းမာရေး အကျိုးကျေးဇူး





ချောကလက်မှာ Phenols လို့ခေါ်တဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပေါကြွယ်ဝစွာ ပါဝင်နေပါတယ်။ ချောကလက် တစ်အောင်စခွဲ အရွယ်အတုံးသေးတစ်ခုမှာ ဝိုင်နီငါးအောင်စဝင် တစ်ဖန်ခွက်စာလောက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေပါတယ်။ အဖြူရောင် ချောကလက်ထက် အရောင်ရင့် ချောကလက်က ကျန်းမာရေးနဲ့ ပိုမိုညီညွတ်ပါတယ်။ ဒီအကြောင်းတွေကိုတော့ လူအများသိပြီးသား ဖြစ်မှာပါ။

နောက်ထပ်သတင်းကောင်း၏ချောကလက်မှာ ပါဝင်တဲ့အဆီ သုံးပုံတစ်ပုံဟာ Stearic လို့ခေါ်တဲ့ ကိုယ်လက်စထရော အကျိုးပြုအဆီဖြစ်ပြီး ကျန်အဆီသုံးပုံနှစ်ပုံကတော့ Oleic acid လို့ခေါ်တဲ့ မပြည့်ဝဆီ ဖြစ်ပါတယ်။ ပင်ဆဲလ်ဗေးနီးယား သုတေသီတွေက လူ ၂၃ ဦးကို တူညီတဲ့ အစားအသောက်ကျွေးပြီး တချို့လူတွေကို အမည်းရောင် ချောကလက် ၁၆ ဂရမ်နဲ့ ကိုကိုးမှုန့် ၂၂ ဂရမ် ထပ်မံကျွေးတဲ့အခါ ချောကလက် စားသူတွေဟာ မစားသူတွေထက် မကောင်းတဲ့ LDL ကိုလက်စထရောပမာဏ ပိုလျော့ကျ ခဲ့တာကို တွေ့ခဲ့ရပါတယ်။

Tips!

ချောကလက် စားချင်စိတ်ပြင်းပြနေလျှင်

- အမည်းရောင်ကို ရွေးပါ

အမည်းရောင် ချောကလက်မှာ တခြားချောကလက်အမျိုးအစားတွေထက် Phenols ဓာတ်ပိုမိုပါဝင်နေပါတယ်။ နို့ချောကလက်တွေမှာတော့ ပြည့်ဝဆီတွေ ဖြစ်တဲ့ နို့အဆီ ပါဝင်နေတာကြောင့် မရွေးသင့်ပါ။

- စတော်ဘယ်ရီသီး ထည့်စားပါ

ချောကလက် ပူပူတစ်ခွက်ထဲ စတော်ဘယ်ရီသီး ထည့်တာဟာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများများပါဝင်တဲ့ သရေစာတစ်မျိုးပါပဲ။ ချောကလက်ပူပူထဲ စတော်ဘယ်ရီသီး မထည့်ခင် ခြောက်သွေ့နေဖို့လိုပါတယ်။

- အမျိုးအစား ကောင်းကောင်း ရွေးစားပါ

အကောင်းဆုံး ချောကလက်ကို ရွေးဝယ်ပါ။ ဒါမှသာ ချောကလက်ပမာဏ များများထက် ပမာဏနည်းနည်းစားရုံနဲ့ ကျေနပ်သွားပါလိမ့်မယ်။

Ref : Good Health

နွားနို့သောက်သုံးခြင်းဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်


နွားနို့၊ နို့မှုန့်ကို သောက်သုံးခြင်းအားဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ကြောင်း အာဟာရဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောသည်။ ပိုးသတ်ဆေးအသုံးပြုထားသော ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများစားသုံးခြင်းကြောင့် ဖြစ်ပွားသည့် အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာနှင့် မော်တော်ကားများမှ ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ ရှူရှိုက်မိခြင်း ကြောင့် ဖြစ်ပေါ်လာသည့် အဆုတ်ကင်ဆာများကိုသာမက ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်လာသည့် လည်ချောင်းကင်ဆာနှင့် အဆုတ်ကင်ဆာများအား နွားနို့နှင့် နို့မှုန့်ကို သောက်သုံးခြင်းဖြင့် ယင်းရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

“နေ့စဉ် နို့တစ်ခွက် ပုံမှန်သောက်သုံးခြင်းအားဖြင့် တစ်နေ့တာအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ပမာဏရဲ့ သုံးပုံတစ်ပုံကို ဖြည့်ဆည်းပေးနိုင်ပါတယ်” ဟု အာဟာရဆိုင်ရာ ဆရာဝန်ကြီးဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က အကြံပြု ပြောကြားသည်။ သို့ရာတွင် နွားနို့နှင့် နို့မှုန့်တွင် ပါဝင်သော Lactose ဓာတ်ကြောင့် လူအချို့တွင် ဝမ်းပျက်၊ ဝမ်းလျှောခြင်း ဖြစ်ပွားနိုင်ပြီး ပရိုတင်းဓာတ်ကြောင့်လည်း လူအချို့တွင် ဝမ်းချုပ်ခြင်းတို့လည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။

“နွားနို့ဖြစ်ဖြစ်၊ နို့မှုန့်ဖြစ်ဖြစ် မတည့်ရင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နိုင်တယ်။ နွားနို့ Allergy ဖြစ်တဲ့သူတွေကို Lactose Intolarance လို့ခေါ်တယ်။ Lactose နဲ့ လူတွေရဲ့ ခန္ဓာကိုယ်မတည့်ရင် ဝမ်း ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နိုင်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေသုံးပုံတစ်ပုံဟာ Lactose Intolarance ရှိတတ်တယ်။ ဒါကြောင့် နို့နဲ့ မတည့်တဲ့ သူတွေကို ပဲနို့အစားထိုးပြီး သုံးနိုင်တယ်” ဟု အာဟာရဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။ ထို့ပြင် မွေးစမှ ခြောက်လအရွယ်ထိ ကလေးများကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ကြောင်း၊ မိခင်နို့သည် အပူအအေးမျှတပြီး အစာချေစနစ်ကို ကောင်းစွာဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနိုင်ကြောင်း၊ အာဟာရဓာတ်လည်း မျှတစွာပါရှိပြီး ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

“ကျွန်မသားငယ်ငယ်တုန်းက နို့မှုန့်တိုက်တာ ဝမ်းချုပ်ဖူးတယ်။ ဝမ်းမချုပ်အောင် သကြားနည်းနည်းရော တိုက်ခဲ့ရတယ်။ လူနို့မှာ သကြားဓာတ်များများပါပြီး နွားနို့ကျတော့ ပရိုတင်းဓာတ်များများပါတယ်။ ပရိုတင်းဓာတ်များတဲ့အခါကျတော့ ဝမ်းချုပ်တယ်။ အသားအများကြီးစားတဲ့သူတွေလဲ ဝမ်းချုပ်နိုင်တာပဲ” ဟု ဒေါက်တာအေးအေးသော် ဒုတိယညွှန်ကြားရေးမှူး အာဟာရစီမံချက်မန်နေဂျာ အာဟာရဌာန၊ စိတ်ကျန်းမာရေးဦးစီးဌာနက ဆိုသည်။

“နို့ကို ဖျော်တဲ့နေရာမှာ ဖျော်တဲ့ရေသန့်ရှင်းဖို့နဲ့ ဖျော်တဲ့လက်တို့၊ ခွက်တို့ သန့်ရှင်းဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မသန့်ရှင်းရင်တော့ အီကိုလိုင်ပိုး ပေါက်ပွားပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ နို့ဆီ၊ နို့မှုန့်ထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ ပြည်ပကနေ နို့မှုန့်တင်သွင်းပြီး ပြန်လည် ထုပ်ပိုးရောင်းချတဲ့ လုပ်ငန်းတွေဆိုရင် FDA မှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ထောက်ခံချက်ယူရပါတယ်” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာ ကျော်လင်းက ဆိုသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA က ပြည်တွင်း နို့ဆီနှင့် နို့မှုန့်လုပ်ငန်းရှင်များအား ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်များဖြစ်သည့် Good Manufacturing Practice၊ Good Hygine Practice တို့နှင့်အညီ ထုတ်လုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။

“ကလေးတစ်နှစ်ကျော်ပြီဆိုရင် ကျွန်တော်တို့ဆီက နို့မှုန့်ကို ကောင်းကောင်းတိုက်လို့ရပါပြီ။ နို့မှုန့်ကို ကောင်းကောင်းတိုက်လို့ရပါပြီ။ နို့မှုန့်မှာ အမျှင်ဓာတ် Non-protein ပါတဲ့အတွက် ဝမ်းမှန်မှန် သွားနိုင်ပါတယ်။
Ref : The Flower News

Monday, January 30, 2012

သံပုရာသီး အစွမ်းအံမခန်း

ကျန်းမာရေး

သံပုရာသီး အစွမ်းအံမခန်း 



သံပုရာသီး အစွမ်းအံမခန်း (မိန်းကလေးများ ဖတ်သင့်သည်)

*ခံတွင်း ကျန်းမာရေး*

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။